(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများကျင်းပ

 






MNP - နိုဝင်ဘာ  ၁၅


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲ‌နေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများအား ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲတွင် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများအပြင် ကာတွန်းနှင့် ကဗျာပြိုင်ပွဲများလည်းပါဝင်ခဲ့ပြီး ၎င်းပြိုင်ပွဲများမှ ဆုရရှိကြသူများအား နိုဝင်ဘာ ၁၇ ရက်တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား၌ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းနှင့် ကဗျာပြိုင်ပွဲတွင် ဖားကန့်မြို့နယ်အတွင်းမှ လုံးခင်းကျေးရွာ ရွာမအထက်တန်းကျောင်းခွဲ၊ ဆိပ်မူကျေးရွာ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း၊ မဇွပ်ယန်ကျေးရွာ အလယ်တန်းကျောင်း၊ ငှက်ပျောတောရပ်ကွက် အလယ်တန်းကျောင်းခွဲ၊ အေးမြသာယာရပ်ကွက် မူလတန်းကျောင်း၊ မော်ဝမ်းရပ်ကွက် အထက်တန်းကျောင်းခွဲနှင့် ဖားကန့်မြို့‌ပေါ် အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)