သရက်ချောင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဟောပြောပွဲကျင်းပ

 



MNP - နိုဝင်ဘာ  ၁၅


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်းမှ စခန်းမှူး ဦးနေမင်းစိုးနှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် ဇင်နှင့် ဝန်ထမ်းများ၊ ကျေးရွာ/မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများတက်ရောက်ခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားပြီး သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်းမှ စခန်းမှူး ဦးနေမင်းစိုးက ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း၊ ယာဉ်ဖမ်းဆီးရာတွင် အသစ်ချမှတ်ထားသော ဥပဒေများအကြောင်းစသည့် အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းသိ ရသည်။


သတင်း - သားကြီး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)