လွိုင်ကော်မြို့၌ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့၌ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

 


MNP - နိုဝင်ဘာ   ၁၂


ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ နည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ငလျင်ဘေး ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်အတွက် လုပ်ငန်းကော်မတီများ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆောက်အဦများကို ငလျင်ဘေးဒဏ်ခံနိုင်စေသည့် တည်ဆောက်ရေး စံနှုန်းများအတိုင်း တည်ဆောက်ခြင်းနှင့် သဏ္ဍာန်တူဇတ်တိုက် လေ့ကျင့်ခြင်းများ ကြိုတင်စီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက သက်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့် အချိတ် အဆက်မိမိ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်းရှိ စာသင်ဆောင်နှင့် အိပ်ဆောင် အတွင်း မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဝန်ထမ်းများ၊ နည်းပြများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇတ်တိုက် လေ့ကျင့်မှုများဖြစ်သည့် မြေငလျင်တစ်ခုလှုပ်ခတ်၍ သတိပေးခရာသံမြည်ခြင်း၊ ဘေးကင်းလုံခြုံ အောင် နေရာယူခြင်း၊ ဦးဆောင်သူ ခေါင်းဆောင်များက အသိပေးနှိုးဆော်ခြင်း၊ အဆောက်အဦ အတွင်းမှ ပြေးထွက်လာပြီး ဘေးလွတ်ကင်းသည့်နေရာသို့ ထွက်ခွာခြင်း၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ဘေးအန္တရာယ်ကျရောက်ရာ နေရာသို့ရောက်ရှိလာခြင်း၊ အဆောက်အဦအတွင်း ပိတ်မိနေသူများအား ကယ်ထုတ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးသူနာပြုစုပေးခြင်းနှင့် ဆေးကုသပေးခြင်း ၊ ယာယီခိုလှုံရာ ကယ်ဆယ်ရေးစခန်းသို့ နေရာချထားပေးခြင်း၊ စားစရာဝေငှခြင်း၊ မီးမလောင်စေရန် အတွက် ရေမှုန်ရေမွှားဖြန်းခြင်းစသည့် ဇတ်တိုက်လေ့ကျင့်နေမှုများကို ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်မှုများ အပေါ်တွင် ဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များ၊ ပြည်သူများကို ဆက်လက် အသိပညာပေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်လမ်းညွှန်မှာကြားပြီး ဇာတ်တိုက် လေ့ကျင့်မှုများတွင် ပါဝင်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပါဝင်ကူညီ ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)