လဟယ်မြို့ အ.ထ.ကကျောင်းတွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဟယ်မြို့ အ.ထ.ကကျောင်းတွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပေး



MNP - နိုဝင်ဘာ  ၂၃


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ အ.ထ.ကကျောင်းတွင် ပညာသင်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန် အဆိုပါ အထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမတွင် စတင်းထိုးနှံပေးလျက် ရှိပါသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး အပိုဆောင်းထိုးနှံရာတွင် အသက် (၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများအား ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးသူများအား အပိုဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ယမန်နေ့ထိ ကျောင်းသား/သူ (၃၇၈)ဦးအား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသော ကျောင်းသား/သူများကိုလည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရှိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)