ငပလီမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ





MNP ၊  နိုဝင်ဘာ  ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ငပလီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ထုတ်ဝေသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့နံနက်၁၀ နာရီက အ-ထ-က၊ငပလီကျောင်းမှ ကျောင်းသား/ကျောင်းသူများအားအခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင်  (၁၀၂)နှစ်မြောက်  အမျိုသားအောင်ပွဲနေ့ ဦးတည်ချက် များပညာရေးမျှော်မှန်းချက်၊  ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသောကျောင်းသားကြီး (၁၁)ဦး၏ အမည်စာရင်းများ၊  ဘိုမျိုး (ရွှေဘို)ရေးသားသည့် သူ့ကျွန်မခံအမျိုးသားမာန်(ကဗျာ)၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၈-၁၁-၂၀၂၁ရက်နေ့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှကောက်နုတ်ချက်နှင့်ဗိုလ်ချုပ်အောင်ဆန်း(၂၃-၁-၁၉၄၆)ရက်နေ့ ဖဆပလ ပြည်လုံးကျွတ်ညီလာခံကြီးတွင် တင်သွင်းသော ညီညွတ်ရေးအဆိုမှကောက်နုတ်ချက် စသည့်တို့ကို အရောင်အသွေးစုံလင်စွာဖြင့် ဝေဝေဆာဆာဖေါ်ပြ ပါရှိသည်။

၎င်း သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများဗဟု သုတများရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငပလီမြို့ရုံးဝန်ထမ်းများက အ-ထ-က ငပလီကျောင်းသို့ သွားရောက်ပြီး  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)