ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်



MNP - နိုဝင်ဘာ ၂


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက  ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် စွမ်းရည်ပြည့်ဝသည့် မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်လာစေရန်ရည်ရွယ်၍  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးစောမောင်သန်းက သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းတွင်သင်ကြားပြသပေးမည့် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။


အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် ၉ ရပ်ကွက် မှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၅၀ ဦးအား အခြေခံလက်နက်မဲ့ စစ်ရေးပြဘာသာရပ်၊ မီးငြိမ်းသတ်ရေး ဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်တို့ကို စာတွေ့၊ လက်တွေ့ဖြင့် နိုဝင်ဘာ ၁ ရက်မှ ၂၅ ရက်နေ့အထိ ညနေ ၄ နာရီမှ ည ၇ နာရီအထိ စနစ်တကျ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)