စဉ့်ကူးမြို့နယ်တွင် “မိဘပြည်သူများသို့အသိပေးထုတ်ပြန်ချက်” လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် “မိဘပြည်သူများသို့အသိပေးထုတ်ပြန်ချက်” လက်ကမ်းစာစောင်များ ဖြန့်ဝေ




MNP ၊ နိုဝင်ဘာ   ၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုးရုံးမှ “မိဘပြည်သူများသို့အသိပေးထုတ်ပြန်ချက်”အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်(၇)နာရီက စဉ့်ကူးမြို့ အဝိုင်းပတ် လမ်းဆုံနေရာနှင့် လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့သည်။


ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးထွန်းကျော်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲမှူး ဇော်နီချစ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လဝကဦးစီးမှူး ဦးရွှေဝင်း နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူး ဦးချမ်းပြည့်ကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ဇာလွင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် အသိပေး လက်ကမ်းစာစောင် စောင်ရေ(၂၀၀)အား ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြသည်။


အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် သွားရောက်ပြုလုပ်နိုင်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုထက်ပို၍ ကိုင်ဆောင်ထားရှိပါက သက်ဆိုင်ရာလဝကရုံးများတွင် အမြန်အပ်နှံရမည်ဖြစ်ကြောင်း၊ ကတ်အပိုများ အပ်နှံခြင်းမပြုပါက‌ နောက်ဆုံးထုတ်ယူထားသော နိုင်ငံသားကတ် ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်စာရင်းသွင်းမည်ဖြစ်ကြောင်း၊ အမျိုးသား မှတ်ပုံတင်သက်သေခံ ကတ်ပြား (အမတ)ကိုင်ဆောင်သူများသည် နိုင်ငံသား စိစစ်ရေးကတ်သို့ ပြောင်းလဲရမည်ဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ-၆၆/၆(အထစ) နှင့်ပတ်သက်၍ ပုံစံ-၆၆/၆(အထစ) တစ်ခုထက်ပို၍ ကိုငဆောင်ထားပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် အမြန်ဆုံးသွားရောက်ဖြေရှင်းသွားကြရန်၊ ကတ်အပိုများ အပ်နှံခြင်း မပြုပါက နောက်ဆုံးထုတ်ယူထားသော ပုံစံ-၆၆/၆(အထစ)ကိုသာ အတည်ပြု၍ ယခင်ပုံစံများအား ပယ်ဖျက်စာရင်းသွင်းမည်ဖြစ်ကြောင်း၊ ပုံစံ ၆၆/၆(အထစ) အချက်အလက်များ ပြောင်းလဲမှု ရှိသည့်အခါတိုင်း နောက်ဆုံးအခြေအနေနှင့်အညီ ပြင်ဆင်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မည်သည့်အရပ်ဒေသတွင်မှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆(အထစ) မရှိသေးသူများသည် နီးစပ်ရာ မြို့နယ်လဝကရုံးများတွင် သတင်းပို့ပါက "ပန်းခင်းစီမံချက်"အရ စိစစ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုငငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း ကွဲလွဲမှုများအား နီးစပ်ရာမြို့နယ်လဝက ရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ “မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်” လက်ကမ်းစာစောင်ပါအချက်များနှင့်ပတ်သက်၍ ၁-၁၁-၂၀၂၂ ရက်နေ့အထိ ဆောင်ရွက်နိုင်ကြောင်း သတ်မှတ်ထားသော်လည်း ယခုအခါ ၁၅-၁၁-၂၀၂၂ ရက်နေ့အထိ လာရောက်ဆောင်ရွက်နိုင်ကြောင်း စသည့် အသိပညာပေးအချက်များ ပါဝင်ကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)