မိဘပြည်သူများအားလုံး အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်ရေးနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများရရှိရေး အတွက်ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိဘပြည်သူများအားလုံး အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်ရေးနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများရရှိရေး အတွက်ကွင်းဆင်းဆောင်ရွက်ပေး




MNP - နိုဝင်ဘာ  ၆


ရှမ်းပြည်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းရှိ မိဘပြည်သူများ အားလုံးအိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်ရေးနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင်  ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်တာဝန်ကျ စာရေးများက မိမိတို့ရပ်ရွာအတွင်းရှိ မိဘပြည်သူများနှင့် ၎င်းတို့မိသားစုဝင်များအားလုံး အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန် ပြည့်စုံမှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆နှင့်ပတ်သက်၍ အခက်အခဲများရှိပါက ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစီစစ်ရေး ကတ်ပြားပျောက်ဆုံး၊ ပျက်စီးနေသူများ၊ အသက်(၁၀)နှစ်ပြည့်သော်လည်း ကိုင်ဆောင်လက်မှတ် မရှိသေးသူများအား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်သည့်နေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့် စခန်းမှူးရဲအုပ်ဇော်ဝင်းတို့က မိဘပြည်သူများ အိမ်ထောင်စုလူဦးရေ စာရင်းပြည့်စုံမှန်ကန်မှုရှိရေး၊ နိုင်ငံသားတိုင်းအသက်(၁၈)နှစ်ပြည့်ပြီးပါက ကိုင်ဆောင်လက်မှတ်ရရှိရေးအတွက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။


သတင်း - မနန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)