သရက်ချောင်းမြို့နယ်တွင် အိမ်တိုင်ရာရောက် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် အိမ်တိုင်ရာရောက် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိ

 


MNP - နိုဝင်ဘာ   ၄


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အိမ်တိုင်ရာရောက် ခွေးရူးရောဂါဖြစ်ပွားမှုလျော့နည်းစေရန်အတွက် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်နေအိမ်များတွင် အိမ်တိုက်ရာရောက်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့သည်။


ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာလမင်းကိုကိုက ခွေးရူးရောဂါဖြစ်တက်သည့် လက္ခဏာများ၊ ခွေးရူးရောဂါအကြောင်း၊ ခွေးရူးရောဂါကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ခွေးရူးရောဂါဖြစ်ပွားပါက ကုသခြင်းနည်းလမ်းများဆိုင်ရာ သိကောင်းစရာများ၊ အိမ်မွေးခွေးများကို ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူရန်၊ ခွေးများတွင် ခွေးရူးရောဂါကာကွယ်ခြင်းထိုးနှံခြင်းသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရာရောက်ခြင်းနှင့် “ခွေးရူးရောဂါကြောင့် သေဆုံးမှုမရှိစေရေး၊ တစ်ခုတည်းသော ကျန်းမာရေးအသိဖြင့်ဆောင်ရွက်ပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ဝိုင်းဝန်းကူညီကြရန် ခွေးမွေးမြူသူများအား ပြောကြားခဲ့ပြီး ခွေးရူးရောဂါကာကွယ်ဆေးများကို အခမဲ့ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း - သားကြီး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)