ငါးသိုင်းချောင်းမြို့၊ ရေနံသာကျေးရွာအုပ်စု၌ နေကြာသီးသန့်၊ သီးညှပ်စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့၊ ရေနံသာကျေးရွာအုပ်စု၌ နေကြာသီးသန့်၊ သီးညှပ်စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး

 


MNP - နိုဝင်ဘာ   ၁၁


ငါးသိုင်းချောင်းမြို့၊ ရေနံသာကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၁၁၄၈)၊ ဦးပိုင်အမှတ် (၈၀/ဆ) တောင်သူ ဦးအောင်မျိုးထက်၏ စိုက်ပျိုးမြေ၌ နေကြာ သီးသန့်(၂) ဧက၊ သီးညှပ်(၃)ဧက စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


နိုင်ငံအတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံနေကြာကို တိုးမြှင့်စိုက်ပျိုးရေး တိုက်တွန်းနှိုးဆော် နေရခြင်းဖြစ်ကြောင်း ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးက ပြောကြားခဲ့ပြီး ယနေ့စိုက်ပျိုးသည့် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များကို သီးသန့်စိုက်ပျိုးပါက တန်းကြား ၂ ပေ၊ ပင်ကြား  ၉ လက်မခွာ၍ တစ်ကျင်းလျှင်မျိုးစေ့ နှစ်စေ့နှုန်း စိုက်ပျိုးရမည်ဖြစ်ကြောင်း ငါးသိုင်းချောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးကျော်က  စိုက်ပျိုးနည်းစနစ်တို့ကို လက်တွေ့ရှင်းလင်း ညွှန်ပြပေးခဲ့သည်။


အဆိုပါ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးပေးလျက်ရှိပြီး စိုက်ပျိုးနေမှု အား ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းချစ်အေး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် မြို့အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)