ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊ နိုဝင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်နေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန့်နေ့ နေ့လည်၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာဌာနဆိုင်ရာ အကြီးအကဲများအားလုံး တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့ပြည်နယ်၏ အထိမ်းအမှတ်နေ့ဖြစ်သည့်အတွက် ဌာနဆိုင်ရာအကြီးအကဲများအားလုံး တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့ပြည်နယ်၏ အထိမ်းအမှတ်နေ့ ဖြစ်သည့်အတွက် စည်ကားမှုရှိအောင် ကလေးများ လူငယ်လူရွယ်များပါပျော်ရွှင်နိုင်ရန် ပျော်ပွဲရွှင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားများပြောကြားပြီး သက်ဆိုင်ရာဌာနအလိုက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပမည့် ပျော်ပွဲရွှင်ပွဲများကျင်းပမည့် အစီအစဉ်နှင့်ပတ်သက်၍ ဌာနအလိုက် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရခိုင်ပြည်နယ်နေ့အခမ်းအနားတွင် ကလေးသူငယ်များ၊ လူငယ်လူရွယ်များအတွက် အားကစားပွဲများဖြစ်သည့် ပြေးခုန်ပစ်၊ တာတိုမီတာ၊ ချောတိုင်တက်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲနှင့် ပိုက်ပျော်ခြင်း၊ ဘောလုံးပွဲများကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)