ပြည်ဖျက်မီဒီယာဆိုသည်မှာ (အပိုင်း-၂) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မီဒီယာဆိုသည်မှာ (အပိုင်း-၂)






မီဒီယာသမားတွေမှာ စောင်ထိန်းရမယ့် ကျင့်ဝတ်တွေ ရှိတယ်။ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ကျင့်ဝတ်တွေကို အပိုင်း(၁)မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ မီဒီယာသမားမှ မဟုတ်ပါဘူး။ ရှေ့နေလည်း ရှေ့နေကျင့်ဝတ်၊ တရားသူကြီးလည်း တရားသူကြီးကျင့်ဝတ်၊ ရဲလည်း ရဲကျင့်ဝတ် နယ်ပယ်စုံမှာ တာဝန်ထမ်းဆောင်နေသူအားလုံးမှာ ဆိုင်ရာကျင့်ဝတ်တွေ လိုက်နာကြဖို့ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ ပြောရင် သက်ဆိုင်ရာနယ်ပယ်အလိုက် တာဝန်ထမ်းဆောင်နေသူတွေ ကျင့်ဝတ်တွေကို အလေးမထားဘဲ ဖောက်လွဲဖောက်ပြန် ဖြစ်နေခြင်းကြောင့်လို့ ပြောနိုင်ပါတယ်။


ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အဆိုးဆုံးအခြေအနေလို့ ပြောနိုင်ပါတယ်။ ပြည်သူများရဲ့ အသက်ကို ကယ်တင်ဖို့ တာဝန်ရှိတဲ့ ဆရာဝန်တွေကို ကိုယ်တိုင်က မိမိတို့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လိုက်နာစောင့်စည်းခြင်း မရှိတော့ဘဲ ပြည်ဖျက်နိုင်ငံရေးသမားတွေရဲ့ အသုံးချခံ ဖြစ်ခဲ့ကြတယ်။ ဆေးဝါးကုသမှု ခံယူဖို့ ရောက်ရှိလာကြတဲ့ လူနာတွေကို ကုသမှုမပေးဘဲ မျက်နှာလွှဲခဲ့ကြတယ်။ ဆေးဝါးကုသမှုခံယူခွင့် မရဘဲ သေဆုံးသွားရတဲ့ လူနာပေါင်း ၆၀၀၀ ကျော် ရှိခဲ့တယ်။ ဒါကြောင့် သွေးအေးလူသတ်သမားတွေလို့ ညွှန်ဆိုခြင်းခံခဲ့ရတယ်။


ကျွန်တော်တို့ ကိုယ်တိုင် ပါဝင်ရပ်တည်နေတဲ့ မီဒီယာလောက (မီဒီယာနယ်ပယ်) မှာလည်း ထိုနည်းတူစွာပါပဲ။ ကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းသူတွေ နည်းလာကြတယ်။ မီဒီယာသမားများကတော့ နိုင်ငံရေးသမားများရဲ့ အသုံးချခံ မဟုတ်ပါဘူး။ နိုင်ငံရေးသမားများကို အသုံးချခြင်းဖြစ်ပါတယ်။ အထူးအားဖြင့် အမေရိကန်အခြေစိုက် RFA, VOA နဲ့ အင်္ဂလန်(ဗြိတိန်) အခြေစိုက် BBC သတင်းဌာနတွေဟာ တိုင်းပြည်မှာ အခိုင်မာဆုံးအဖွဲ့အစည်းလို့ ပြောနိုင်တဲ့ တပ်မတော်အပေါ် အများပြည်သူက အမုန်းပွားလာအောင် နည်းမျိုးစုံနဲ့ လှုံ့ဆော်တယ်။ အမေရိကန်နဲ့ အင်္ဂလန်ရဲ့ အလိုကျ အစိုးရမျိုး ရဖို့ တစ်ဖက်သတ်လှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်။ အများပြည်သူလေးစားတန်ကောင်းရဲ့ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ရှေ့တန်းတင်ပြီး သတို့ကို လစာပေးထားတဲ့ အမေရိကန်အစိုးရ၊ အင်္ဂလိပ်အစိုးရတွေရဲ့ အလိုကျ ပုံဖော်ရေးသားကြတယ်။ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေမှုတွေ ပြုလုပ်ပြီး ပြည်သူနဲ့ တပ်မတော်ကြားကို စနစ်ကျ သွေးခွဲခဲ့ကြတဲ့ မီဒီယာအမည်ခံ လက်ပါးစေတွေပဲ ဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့ခေတ် အခြေအနေနဲ့ ပြန်ပြောမယ်ဆိုရင်တော့ RFA, VOA, BBC တို့မှာ တာဝန်ထမ်းဆောင်နေ ကြသူများဟာ အလိုတော်ကြီးတွေ ဖြစ်ပါတယ်။ 


သူတို့ အမှန်တရားကို ချမပြရဲဘူး။ အမှန်တရားဘက်က ရပ်တည်လို့ မရဘူး။ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး ရပ်တည်လို့ မရဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ကိုလစာရိက္ခာပေးထားတဲ့ တိုင်းပြည်များဟာ မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင်ဖြစ်စေချင်တယ်။ တပ်မတော်နဲ့ ပြည်သူကို သွေးခွဲချင်တယ်။ တပ်မတော်အပေါ် နာကျည်းမုန်းတီးလာအောင် ဖန်တီးချင်တယ်။ ဒါတွေကို မီဒီယာများနဲ့ ပုံဖော်တယ်။ ခေတ်သစ်ကိုလိုနီနယ်ချဲ့နည်းတွေထဲက တစ်ခုပါပဲ။ သူတို့တွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေကို အများပြည်သူက အဟုတ်ထင်နေကြတဲ့အတွက်ကြောင့် တပ်မတော်အပေါ် မုန်းတီးမှုတွေ ဖြစ်နေကြတာ သူတို့ရဲ့ အောင်မြင်မှုပါပဲ။ သူတို့ချည်းပဲတော့ အောင်မြင်တာ မဟုတ်ပါဘူး။ နိုင်ငံရေးသမား၊ စာရေးစရာ၊ အနုပညာရှင် ဒါတွေအားလုံးကို ငွေကြေးနဲ့ ချုပ်ကိုင်ခြယ်လှယ်နိုင်တဲ့အတွက် သူတို့အောင်မြင်နေခြင်းပဲ ဖြစ်ပါတယ်။


အလုပ်မရှိ အကိုင်မရှိ ငတ်နေတဲ့ နိုင်ငံရေးသမားတွေကို မမြင်ဘူး၊ မတွေ့ဖူးနိုင်လောက်တဲ့ ငွေကြေးတွေ ပုံအောပေးပြီး ပံ့ပိုးပေးထားတဲ့ အခါကြတော့ တိုင်းပြည်ကို ချစ်လှပါပြီဆိုတဲ့ နိုင်ငံရေးသမားတွေရဲ့ ပါးစပ်က တိုင်းပြု ပြည်ပြု ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ စကားလုံးတွေ ထွက်မလာတော့ဘဲ တိုင်းဖျက် ပြည်ဖျက် အမုန်းတရားတွေနဲ့ မှိုင်းတိုက်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်သူတွေ ဖြစ်လာပါတယ်။ 


ဒါတွေကို အမေရိကန်၊ အင်္ဂလန်တို့ က အလေးအနက်ထားပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်တဲ့သူတွေ မှာ အမျှော်အမြင်နည်းတယ်။ အမေရိကန်သံရုံးက ဖွင့်လှစ်ထားတဲ့ အမေရိကန်စင်တာ၊ အင်္ဂလန်သံရုံးက ဖွင့်လှစ်ထားတဲ့ British Council တို့မှာ တိုင်းဖျက်ပြည်ဖျက် လုပ်ငန်းတွေကို ဘယ်လိုလုပ်ရတယ်။ အစိုးရတစ်ရပ်ကို ဘယ်လို ပြုတ်ကျအောင် တော်လှန်ရတယ်ဆိုတာတွေကို စနစ်တကျ နည်းပေးလမ်းပြ လုပ်နေတာ ဖြစ်ပါတယ်။ ဟုတ်/ မဟုတ် အဲဒီသင်တန်းတွေမှာ တက်ရောက်ခဲ့ဖူးတဲ့ လူငယ်တွေ အသိဆုံးပါ။ NLD နဲ့ နီးစပ်တဲ့ နိုင်ငံရေးတက်ကြွလူငယ်တွေ အများဆုံး တက်ကြပါတယ်။ အမျိုးသားရေးတို့ မျိုးချစ်စိတ်တို့ ဆိုတဲ့စကားသံတွေ ကြားရင် တီကို ဆားနဲ့ပတ်သလို ဖြစ်နေတယ်ဆိုတာဟာ တချိန်က ဆရာကြီး အချုပ်တန်းဆရာဖေ "ဓားပြသွင် လူဆိုး၊ ကုလားမြင် သူ့အမေရိုးတော့မလို၊ ခုမြေလျှိုးပုန်းရှောင်၊ မိုက်ပနော် ပြုမဟေးတို့က၊ သူ့ပထွေးတော့ ခွေးသို့မဟောင်။ ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊ စာဇင်တောင် ဦးချလို့၊ ပလူးရ ပြေးကြို့ခါခါ၊ ခွေးသို့ပမာ၊" ဆိုသလို ဖြစ်နေတာပါ။ သူတို့က ကုလားဖြူ၊ ကုလားမဲတွေဆီမှာ တပည့်ခံနေတာဆိုတော့ အမျိုးသားရေးတို့၊ မျိုးချစ်စိတ်တို့ ဆိုတဲ့စကားတွေကို ကြားလိုက်တာနဲ့တင် တီကို ဆားနဲ့တို့သလို တွန့်နေကြတာပဲ ဖြစ်ပါတယ်။ မီဒီယာသမား၊ နိုင်ငံရေးသမား၊ အရပ်ဖက်အဖွဲ့အစည်း အစရှိတဲ့ နယ်ပယ်စုံမှာ ကုလားဖြူ၊ ကုလားမဲတွေရဲ့ အသုံးချခံ ဖြစ်နေတဲ့သူတွေ ရှိတဲ့အတွက် ဒါကိုထည့်ပြောခြင်းဖြစ်ပါတယ်။


အပိုင်း(၁)မှာ ဖော်ပြသွားခဲ့တဲ့ အထဲက "သတင်းတိုင်းအချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ်ခြင်း" ဆိုတဲ့ တစ်ချက်ကို ပြောပါမယ်။ ပြည်ဖျက်မီဒီယာတွေ ဖြစ်တဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ သတင်းတွေ လေ့လာသုံးသပ်ကြည့်ပါ။ သက်သေနဲ့တကွ သတင်း (၃)ပုဒ်လောက် ပြပါမယ်။


(Mizzima သတင်းဌာန က စစ်ကိုင်းတိုင်းအထက်ပိုင်း၊  ဟုမ္မလင်းမြိုနယ်၊ နန့်နန်းရွာနယ်မြေ ရဲစခန်းကို သိမ်းပိုက်ထားပြီး စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်အချိုသိမ်းဆည်းရရှိကြောင်း ရေးသားဖော်ပြခဲ့တယ်။)

အဲဒီ သတင်းဖြစ်စဉ်မှာ လုံးဝမရှိဘူး။ လုပ်ကြံဖန်တီးရေးသားမှု သက်သက်ပဲဖြစ်တယ်။


(DVB သတင်းဌာန က စစ်ကိုင်းတိုင်း၊ တမူးမြိုမှ ကလေးမြိုဘက်ကို ထွက်ခွာလာတဲ့ ခြေလျင်စစ်ကြောင်းကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ တပ်ရင်း(၃)က ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁၀ ယောက် ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို တမူး PDF တပ်ရင်း (၃ ) က သိရပါတယ်လို့ ရေးသားဖော်ပြထားတယ်။)

ဒါကလည်း လုံးဝမဟုတ်မမှန်တဲ့ သတင်းပဲ။ ဘာမှ မဖြစ်ခဲ့ဘဲနဲ့ သက်သက်ကို လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းဖြစ်နေတယ်။ 


(ဖာအကျဆုံး မီဒီယာတစ်ခုအဖြစ် ရပ်တည်နေတဲ့ Khit Thit မီဒီယာ က မကွေးတိုင်း၊ မြိုင်မြိုနယ်၊ ဗဟင်းရဲစခန်းအနီးရှိ နေအိမ်များနှင့် ဗဟင်း ကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းမှစတင်၍ မီးတင်ရှိနေကြောင်း PDF သတင်းရင်းမြစ်များနှင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို ပြောဆိုတယ်လို့ ရေးသားဖော်ပြခဲ့တယ်။)

ဒါကလည်း ဖြစ်စဉ်မရှိဘဲ တမင်သတ်သတ်ကို လုပ်ကြံဖန်တီးရေးသားဖော်ပြထားတဲ့ သတင်းပဲ ဖြစ်ပါတယ်။


အဲဒီလို ပေါက်ကရ ပေါက်ပန်းစေး ရေးသားဖော်ပြချက်တွေအောက်မှာ ပြည်ပြေး ဝရမ်းပြေးတွေကို အားပေးထောက်ခံတဲ့ သူတွေက တပ်မတော်သားတွေ ကျဆုံးတယ်ဆိုရင် ဝမ်းသာနေကြတယ်။ တပ်မတော် က ရွာတွေကို မီးရှို့ပါတယ်လို့ လုပ်ကြံဖန်တီးရေးသားဖော်ပြတာတွေကို တွေ့ရင် ဝိုင်းဝန်းဆဲဆိုနေကြတယ်။ အဲဒီလို မိမိတို့ စောင့်ထိန်းရမယ့် "သတင်းတိုင်းအချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ်ခြင်း" ဆိုတာကို အလေးမထားတော့ဘဲ အများပြည်သူ အသိမှား အမြင်မှားဖြစ်အောင် လုပ်ကြံဖန်တီးရေးဖော်ပြနေတဲ့ မီဒီယာတွေကို ပြည်ဖျက်မီဒီယာလို့ ခေါ်ပါတယ်။


(ဆက်လက်ရေးသားဖော်ပြပါအုံးမည်။)

နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)