MNP ၊ နိုဝင်ဘာလ ၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ပြည်ထဲရေးဝန်ကြီး ဌာန၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ် ပတ်လည်နေ့အခမ်း အနားကို မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ ဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထဲရေးဝန်ကြီး ဌာန၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ် ပတ်လည်နေ့ အဖြစ် ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထက် နှင့် အရာထမ်း၊ အမှု ထမ်းများက သံဃာ တော်များ ပင့်ဖိတ်၍ အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး နံနက် (၉)နာရီအချိန်တွင် နှစ်ပတ်လည်နေ့အခမ်းအနားကို ဆက် လက်ကျင်းပခဲ့သည်။
ရှေ့ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ န၏ (၃၄)နှစ် မြောက် နှစ်ပတ်လည်နေ့အ ခမ်းအနားအား လေးဝတီသီချင်းဖြင့်
ကပြဖြေဖျော်ဖွင့်လှစ်ပေးပြီး ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ် လာပုံအကျဉ်းကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ဝန်ထမ်း များ၏ စွမ်းဆောင်ရည် အကောင်းဆုံးဆု၊ ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး စွမ်းဆောင်ရည် အကောင်းဆုံးဆုနှင့်အငြိမ်းစားဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများပေးအပ်၍ ဗလာမပါ ကံစမ်းမဲများ မဲဖောက်ကံစမ်းပေးပြီး မဲပေါက်ဝန် ထမ်းများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့်တာဝန်ရှိသူများက လက်ဆောင်ပစ္စည်း များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment