ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်



MNP - နိုဝင်ဘာ   ၁၂


လူငယ်လူရွယ်များ အသိပညာတိုးတက်မှုရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု၊ အတွေးအခေါ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ ပိုမိုရရှိစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲကို အဆိုပါ သင်တန်းကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက လူငယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို  ဦးဆောင်ဆွေးနွေးပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများဖြစ်သည့် မောင်ကျော်ထက်အောင်၊ မောင်အောင်မျိုးမင်းတို့က လူငယ်နှင့်အချိန် ခေါင်းစဉ်ဖြင့်လည်ကောင်း၊ နန်းသိန်းရွှေ၊ နန်းအုတ်ခမ်းတို့က လူငယ်နှင့်အခွင့်အလမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဒုတိယကျောင်းအုပ် ဦးနိုင်ဦး၊ ဆရာ၊ဆရာများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ပြီး၊ အဆိုပါ ဆွေးနွေးပွဲကို ကျောင်းပိတ်ရက်များတွင် အခါအားလျော်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)