MNP ၊ နိုဝင်ဘာလ ၂၃
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ရဟိုင်ဖျား ကျေးရွာ အုပ်စုတွင် နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်(၉)နာရီက တောဆင်ရိုင်း(၃)ကောင် ထပ်မံ ဝင်ရောက်ဖျက်ဆီးသဖြင့် စပါးခင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။
ရဟိုင်ဖျားကျေးရွာ အုပ်စု၊ မွေတွေ့ကျေးရွာတွင် တောဆင်ရိုင်း(၃)ကောင် ထပ်မံဝင်ရောက်ဖျက်ဆီးသဖြင့် ဦးစန်းထိုက်(၄၁)နှစ် ပိုင်ဆိုင်သည့် ကွင်းအမှတ်(၃၈၂)၊ဦးပိုင်အမှတ်၁၁/၁ ရှိ စပါးခင်း (၅)ဧကခန့် ကာလတန်ဖိုးကျပ်(၃သိန်း ၄သောင်း)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။အဆိုပါ တောဆင်ရိုင်း(၃)ကောင်အား ဒေသခံများမှ ဝိုင်းဝန်းခြောက်လှန့် မောင်းထုတ်ခဲ့သဖြင့် နိုဝင်ဘာလ (၂၂)ရက်နေ့ ည(၁၁)နာရီခန့်တွင် ရဟိုင်ဖျားကျေးရွာ အနောက်ဘက် ဒေသအခေါ် ကျားချောင်းတော အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment