MNP ၊ နိုဝင်ဘာ ၁၁
နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိအမှတ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ ဂုဏ်ပြုနေ့လယ်စာစားပွဲကို ယမန်နေ့က ဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပသည်။
နေ့လယ်စာစားပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ထမ်းများသည် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ အောင်မြင်စေရန် အဆင့်အလိုက် ပူးပေါင်းဆောင်ရွက်နေကြသည့် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်း၊ ယခုအချိန်၌ ပေးအပ်သည့် တာဝန်များကို ရဲဘော်ရဲဘက်စိတ် အပြည့်ထားရှိပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ တာဝန်ကျေပွန်မှု၊ လုပ်ငန်းများအား စည်းကမ်းရှိရှိ၊ ပျော်ပျော်ရွှင်ရွှင်၊ သစ္စာရှိရှိ စိတ်ဝင်တစား လုပ်ဆောင်နေမှုများကို အသိအမှတ်ပြု အလေးထားပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အမှုထမ်း၊ အရာထမ်းများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment