၂ဝ၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများနှင့်တပ်မတော် (ကြည်း၊ရေ၊လေ) အား ကစားနည်းများအလိုက် ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂ဝ၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများနှင့်တပ်မတော် (ကြည်း၊ရေ၊လေ) အား ကစားနည်းများအလိုက် ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ








MNP ၊ နိုဝင်ဘာ ၂၃

၂ဝ၂၂ ခုနှစ်၊တပ်မတော် (ကြည်း ၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို   ယနေ့တွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သက်မှတ်ထားသော အားကစားကွင်း/ ရုံများတွင် ဆက်လက် ကျင်းပပြုလုပ်ပြီး  အားကစားနည်းများ အလိုက် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိတပ်မတော် အားကစားကွင်းရှိ အားကစားကွင်း/ရုံများနှင့် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အား ကစားခန်းမ၌ ကျင်းပပြုလုပ်သည်။


ဇေယျာသီရိအားကစားရုံ A တွင် တပ်မတော်(ကြည်း၊ရေ၊လေ) တိုက်ကွမ်ဒို အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနား ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) မှ စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ၊ တပ်မတော်အရာရှိကြီးများနှင့်ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးသည်။


ဦးစွာ ဝိတ်တန်းအလိုက် ဗိုလ်လုပွဲစဉ်များယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဝိတ်တန်းအလိုက် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ် ဆုနှင့် ကြေးတံဆိပ်ဆုရရှိသူများ၊ အကောင်းဆုံးနည်းပြဆုနှင့်အကောင်းဆုံးဒိုင်လူ ကြီးဆုရရှိသူများ၊ အတန်းလိုက် အကောင်းဆုံးကစားသမားဆု၊ အတိုက်ဝိတ်တန်း အလိုက်ဖလားရရှိသည့် အသင်းများကို တပ်မတော် အရာရှိကြီးများကတစ်ဦးချင်းဆု၊ ငွေသားဆုနှင့် အသင်းလိုက်ဆုဖလားများကို အသီးသီးပေးအပ်ကြသည်။


ယင်းနောက် တိုက်ကွမ်ဒိုအား ကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခု၊ငွေတံဆိပ်  ၃ ခု နှင့်ကြေးတံဆိပ်   ၄ခုဖြင့် တံခွန်စိုက်ဒိုင်းဆုကြီးနှင့် ဆင့်ပွါး ဒိုင်းဆုရရှိသော ကာကွယ် ရေးဦးစီချုပ်ရုံး(ရေ)အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှစစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် က တံခွန်စိုက်ဆုဖလားကိုပေးအပ်ချီးမြှင့်သည်။


ထို့ပြင် ဇေယျာသီရိအားကစားရုံ Bရှိတပ်မတော်(ကြည်း၊ရေ၊လေ) ဘော်လီဘော အားကစားပြိုင်ပွဲမှ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦး စီးချုပ်ရုံး(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ၊ တပ်မတော် ဘော်လီဘော ကော်မတီဥက္ကဋ္ဌ တပ်ထိန်းချူပ် ဗိုလ်ချူပ် သက်ထွန်းဦး၊ တပ်မတော် အရာရှိကြီးများနှင့် ပြိုင်ပွဲဝင်အား ကစားအသင်းများမှ အားကစားသမားများတက် ရောက်ကြည့်ရှုအားပေးသည်။


 ဦးစွာ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲ အခမ်းအနားကိုဆက် လက်ကျင်းပရာ အမျိုးသား/အမျိုးသမီးနေရာအလိုက် အကောင်းဆုံးဆု၊ အကောင်းဆုံး ဘော်လီဘော အားကစားသမားဆု၊ စတုတ္ထဆု၊ တတိယဆုရရှိသည့် အသင်းများအား တပ်မတော်အရာရှိကြီးများက ငွေသားဆုနှင့် တစ်ဦးချင်းဆုများ အသီးသီး ပေးအပ်ကြ သည်။


ယင်းနောက်အမျိုးသား/အမျိူးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော အသင်းအား၊ တပ်မတော်ဘော်လီဘော ကော်မတီဥက္ကဌ တပ်ထိန်းချူပ် ဗိုလ်ချူပ် သက်ထွန်းဦးက ငွေသားဆုနှင့် တစ်ဦးချင်းဆုများ ပေးအပ်ချီးမြင့်ခဲ့ပြီး ၂၀၂၂ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသော ရန်ကုန်တိုင်းစစ်ဌာန ချူပ်အသင်းကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ကိုယ်စား) ကာကွယ်ရေးဦးစီး ချုပ်ရုံး(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က တံခွန်စိုက် ဒိုင်းဆု ပေးအပ်ချီးမြှင့်ခဲ့သည်။


အလားတူ ဇေယျာသီရိအားကစားရုံ C ရှိ တပ်မတော်(ကြည်း၊ရေ၊လေ) မြန်မာ့ သိုင်းအားကစားပြိုင်ပွဲမှ ၂၀၂၂ခုနှစ်၊ (၂၉)ကြိမ်မြောက်၊ တပ်မတော်(ကြည်း၊ရေ၊လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ၊မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ သိုင်းပညာရှင် ဆရာကြီးဦးစိန်ဝင်းနှင့် တပ်မတော်အရာရှိကြီးများ နှင့်ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစားသမားများ တက်ရောက်ကြည့်ရှု အားပေး သည်။


ဦးစွာ ကီလိုတန်းအလိုက် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အားကစားနည်းများအလိုက် တစ်ဦးချင်း ဆုရရှိသူများနှင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆု ရရှိသည့် အသင်းများအား မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ သိုင်းပညာရှင် ဆရာကြီး ဦးစိန်ဝင်း၊ တပ်မတော်အရာရှိကြီးများက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများအသီးသီးပေးအပ်ကြသည်။


ယင်းနောက် မြန်မာသိုင်းအား ကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၆ ခု၊ငွေတံဆိပ်  ၉ ခု နှင့်ကြေးတံဆိပ်   ၅ ခုဖြင့် စွယ်စုံတံခွန်စိုက်ဒိုင်းဆုကြီးနှင့် ဆင့်ပွါးဒိုင်းဆု ရရှိသော ကာကွယ်ရေးဦးစီချုပ်ရုံး(ရေ)အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် က စွယ်စုံတံခွန်စိုက် ဒိုင်းဆုကြီးနှင့် ဆင့်ပွါးဒိုင်းကို ပေးအပ်ချီး မြှင့်ခဲ့သည်။


ထို့ပြင် ညနေပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ တပ်မတော်(ကြည်း၊ရေ၊လေ) လက်ဝှေ့အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင် ၊ တပ်မတော်အရာရှိကြီးများနှင့်ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးသည်။


ဦးစွာ(က)အဆင့်နှင့် အလွတ်တန်းအဆင့် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အလွတ်တန်းအဆင့်အားကစားသမား များ၊တပ်မတော် ဒိုင်လူကြီးများ၊ (က)အဆင့်ကစားသမားများ၊ (က)အဆင့်နှင့်အလွတ် တန်းအဆင့် အကောင်းဆုံး လက်ဝှေ့ကစားသမားဆု ရရှိသူများနှင့် (က)အဆင့်နှင့်       အလွတ်တန်းအဆင့်ဒိုင်းဆု ရရှိအသင်းများကို တပ်မတော် အရာရှိကြီးများက တစ်ဦး ချင်းဆု၊ ငွေသားဆုနှင့် အသင်းလိုက် ဆုဖလားများ အသီးသီးပေးအပ်ကြသည်။


ယင်းနောက် လက်ဝှေ့အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၈ ခု၊ငွေတံဆိပ်  ၇ ခု နှင့် ကြေးတံဆိပ် ၂ ခုဖြင့်တံခွန်စိုက်ဒိုင်းဆုရရှိသော တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အသင်း အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများကို အားကစားနည်း ၉ နည်းဖြစ်သည့် ဘောလုံး၊မြန်မာသိုင်း၊ပြေးခုန်ပစ်၊ပိုက်ကျော်ခြင်း၊တိုက်ကွမ်ဒို၊ ကရာ တေးဒို၊ ဂျူဒို၊ဘော်လီဘောနှင့် လက်ဝှေ့အားကစား ပြိုင်ပွဲများကို နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား(က)အဆင့် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုဘောလုံး အသင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု ဘောလုံးအသင်း ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)