MNP - နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ (၅၆)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာ ဘုံကထိန်ပွဲတော်ကို ကွမ်းခြံကုန်းကျောင်းတိုက်၌ ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
(၅၆)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် အလှူရှင်ပြည်သူများမှ ဆရာတော်သံဃာတော်ကြီး များထံတွင် ငါးပါးသီလခံယူဆောက်တည်ပြီး ကထိန်လျာမြတ်သင်္ဃန်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ (၅၆)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ဌာနဆိုင်ရာများနှင့် အလှူရှင်ပြည်သူများမှ ငွေပဒေသာပင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို မဲပေါက်ရာ ဘုန်းတော်ကြီးကျောင်း (၆၃)ကျောင်းတွင် အသီးသီးလှူဒါန်း၍ လှူဒါန်းမှုငွေကျပ်နှင့် ပစ္စည်းတန်ဖိုးငွေကျပ်ပေါင်း (၁၃၀၉၁၁၀၀) ကျပ်သိန်းကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း - ဟိန်းထက်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment