ပြင်ဦးလွင်မြို့ အထက(၂)၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပြင်ဦးလွင်မြို့ အထက(၂)၌ လူငယ်စကားဝိုင်းကျင်းပ

 

16


MNP - နိုဝင်ဘာ  ၂၁


ပြင်ဦးလွင်မြို့ အထက(၂)၌ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍လူ ငယ်များဘက်စုံဖွံဖြိုးတိုးတက်‌စေရန်နှင့် ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍  လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်မှ ကျောင်းသား၊ကျောင်းသူများ ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်းပြောပြီးဦးဆောင်ဆွေး နွေးမည့်သူများနှင့် မိတ်ဆက်ပေးကာ ဆရာမကြီး ဒေါ်နန်းတင်တင်ဌေးမှ ဦးဆောင်၍Grade 11 မှ မဆိုင်းနူးမိုင်၊ မပြည့်ဖြိုးကြွယ်တို့က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေတို့ကိုဆွေးနွေးခဲ့ကြ ပြီး Grade 10 မှ မောင်ခန့်ဇင်ဟိန်းနှင့် မောင်အုပ်မင်းခန့်တို့မှ လူငယ်နှင့်ယဉ်ကျေးမှု၊လူငယ်နှင့် စာရိတ္တတို့ကို အသီးသီးဆွေးနွေးခဲ့ကြကာ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။


အဆိုပါလူငယ်စကားဝိုင်းသို့ ပြင်ဦးလွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း အင်အား ၂၀၀ ခန့်တက်ရောက်ကြပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages