MNP - နိုဝင်ဘာ ၁၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ်တပ်ဆင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးနှင့် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းတို့က ညွှန်ကြားရေးမှူးရာထူးတိုးမြင့်ရရှိသွားသည့် ဦးလှမိုးအား ညွှန်ကြားရေးမှူးရာထူး အမှတ်တံဆိပ်တပ်ဆင်ပေးအပ်ခဲ့ရာ ညွှန်ကြားရေးမှူး(စီမံ) ဦးလှမိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ရာထူးတံဆိပ်တပ်ဆင်ခြင်းအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - သိန်းမြင့်ကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment