ဘားအံမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေမှ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေမှ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ   ၁၂


ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဒေသအတွင်းဆန်နှင့်ဆီ စားသုံးမှုဖူလုံ၍ ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန်အတွက် ကုန်ကြမ်းများ ဝယ်ယူကြိတ်ခွဲရန် ရည်ရွယ်ချက်ဖြင့် “စမ်းပွင့်” ဆီစက်လု်ပငန်းရှင်များ သမဝါယမအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်းများသို့ ထောက်ပံ့ချေးငွေများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကရင်ပြည်နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ကရင်ပြည်နယ် သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်ဆုယဉ်မြင့်က  ဒေသဝမ်းစာဖူလုံရေး၊ စားသုံးဆီဖူလုံရေး ဒေသအတွင်း စီးပွားမြှင့်တင်နိုင်ရေးအတွက် ဘားအံမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆီစက်လုပ်ငန်းရှင်များ စုစည်း၍ သမဝါယမအသင်းများဖွဲ့စည်း ပေးပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင်အသင်းသားများအနေဖြင့် ဒေသအတွင်း ဆန်နှင့်ဆီစားသုံးမှုဖူလုံ၍ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရန်အတွက် ကုန်ကြမ်းများ ဝယ်ယူကြိတ်ခွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင်တင်ရေးရန်ပုံငွေ (၈)ဘီလီယံအနက်မှ ယခုထောက်ပံ့ချေးငွေများ ထုတ်ချေးပေးအပ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်အသင်းသားများအနေဖြင့် ပေးဆပ်ရမည့်အချိန်တွင် တာဝန်ကျေပွန်ကြစေလိုကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။


ထို့နောက်  မြို့နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးထင်က ရန်ပုံငွေများအား သက်ဆိုင်ရာ သမဝါယမအသင်းအမှုဆောင်များသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာအသင်းအမှုဆောင်များမှ ဆန်စက်လုပ်ငန်းရှင် အသင်းမှ အသင်းသား(၉)ဦးအတွက် ထောက်ပံ့ချေးငွေကျပ်သိန်း (၁၁၀၀၀)နှင့် ဆီစက်လုပ်ငန်းရှင် (၈)ဦးအတွက် ထောက်ပံ့ချေးငွေကျပ်သိန်း (၇၃၀၀)၊ စုစုပေါင်းငွေကျပ်သိန်း(၁၈၃၀၀)အား အသင်းသား တစ်ဦးချင်းစီသို့ လက်ဝယ်ရောက်ပေးအပ်ခဲ့ပြီး စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)