အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး



MNP - နိုဝင်ဘာ   ၁၅


ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူ ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာ သောဈေးနှုန်းဖြင့် ‌ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက်၌ ပြုလုပ်ခဲ့သည်။


အဆိုပါ အခြေခံစားကုန်နှင့်ဟင်းသီးဟင်း ရွက်များအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချပေးခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ  တာဝန်ရှိသူများနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ စားသောက်ကုန်နှင့်ဟင်းသီးဟင်း ရွက်များအား အမ်းတပ်နယ်မှ တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဝတ်သား၊ ကြက်သား၊  ဒေသကြက်၊ ငါးမြစ် ချင်း၊ ငါးတန်၊ ငါးမုတ် ၊ ကြက်ဥ၊  နွားနို့၊ ပဲ၊ အမဲသားစည်သွတ်ဘူး၊ ကြက်အာလူး၊ ငါးတန်အချိုပေါင်း၊ မျှစ်၊စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဉ်ဘူး၊ ငါးသ လောက်ဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိကြော်၊ ကန်စွန်းရွက်၊ ချဉ်ပေါင် စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်ချပေးလျက်ရှိရာ  ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)