ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်ဘိုကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်ဘိုကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

 


MNP - နိုဝင်ဘာ  ၂၃


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း ၃၅၀ သန်းဖြင့် ဟိုပုံးမြို့တောင်ရပ်ကွက်ရှိ နောင်ဘိုကန် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။


အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအဖြစ် နောင်ဘိုကန်တာပေါင် အလျားပေ ၂၆၀၀၌ မြေညှိ၊ ခြုံရှင်းခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ကန်မြေနံရံကာ အလျားပေ ၂၄၀၀၊ အမြင့် ၅ပေ ကျောက်စီ ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ကန်ပတ်လည်တိုင်စိုက်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ကန်တာပေါင်ပတ်လည်၌ အလျားပေ ၂၄၀၀၊ အကျယ်၁၂ပေ သဲလမ်းခင်းခြင်း လုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။


နောင်ဘိုကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဇွန်လ ၃ရက်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရာခိုင်နှုန်းအားဖြင့် ၄၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်၍ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေအသုံးပြုမှုများ ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)