လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်ကျင်းပ




MNP - နိုဝင်ဘာ   ၇


ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲ/တပ်ဖွဲ့နှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)အဆင့်သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၄)ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ကျင်းပလျက်ရှိသည်။


ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ကြက်ခြေနီသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရန်ကုန်တိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တိုင်းတပ်ဖွဲ့မှူး(တာဝန်) ဦးထိန်လင်းက ရှင်လင်းပြောကြားပြီး မြောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနေဆန်းက သင်ကြားမည့်ဘာသာရပ်များ အကြောင်းအရာများကို ဆွေးနွေးလျက်ရှိသည်။ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်ဆွေဆွေဦး မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင် ဒေါ်ခင်ခင်လွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇင်မင်းအောင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်သင်တန်းနည်ပြများနှင့် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ တက်ရောက်သည်။


အဆိုပါသင်တန်းကို အခြေခံပညာအထက်တန်းကျောင်း ကျောင်းသူ၊ ကျောင်သားများနှင့် သင်တန်းသား စုစုပေါင်း(၄၅)ဦးတို့တက်ရောက်သည်။ အဆိုပါသင်တန်းအား (၄.၁၁.၂၀၂၂)မှ (၆.၁၁.၂၀၂၂)ရက်နေ့အထိ (၃)ရက်တာကြာမြင့်ပြီး ကြက်ခြေနီရှေးဦးပြုစုခြင်းသင်တန်း စာတွေ့လက်တွေ့ဘာသာရပ်များ ပို့ချဖွင့်လှစ်လျက်ရှိပါကြောင်း သိရသည်။


သတင်း - ခင်ဝင်းမူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)