မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်

 


 MNP ၊  နိုဝင်ဘာလ ၂၅

မွန်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက မော်လမြိုင် ပညာရေးဒီကရီကောလိပ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အတွင်း ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် မျိုးဆက်သစ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများက ဘာသာစကားသင်ကြားနည်းများကို လေ့လာသင်ယူ၍ မိမိတို့တိုင်းရင်းသား ဘာသာစကားကိုလည်း အရေး၊ အဖတ်၊ အပြော၊ အကြား စွမ်းရည်လေးမျိုးလုံးဖွံ့ဖြိုးရန်အတွက် သင်ကြားပေးနိုင်ရေး၊  ဒေသဆိုင်ရာဓလေ့ထုံးစံ ယဉ်ကျေးမှု၊ ဒေသဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးလုပ်ငန်းများအကြောင်း ထည့်သွင်းသင်ကြား၍ မွန်ပြည်နယ်ဟာ ပညာရေးအဆင့်အတန်းမြင့်မားတဲ့ ပြည်နယ်တစ်ခုဖြစ်သည့်အပြင် စီးပွားရေးအရလည်း အချက်အခြာကျတဲ့ ဒေသတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အားထားရတဲ့ ပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ပြီး စီးပွားရေး၊ စက်မှုလက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်စေလိုကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အရေးပါတဲ့ စိတ်ဓာတ်စည်းကမ်းလိုက်နာတဲ့ ခံယူချက်သဘောထား မှန်ကန်တဲ့ကျွမ်းကျင်မှု စွမ်းရည်များပြည့်ဝတဲ့ နိုင်ငံ့သားကောင်းများကို လေ့ကျင့်မွေးထုတ်နိုင်သော ဆရာ/ဆရာမ ကောင်းများဖြစ်ဖို့အတွက် လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာများကို သင်တန်းကာလအတွင်း ကြိုးစားဆည်းပူးကြရန်၊ ကလေးများအပေါ်တွင် မှန်ကန်တဲ့စိတ်စေတနာကောင်းများနှင့် သင်ကြားပြသပေးနိုင်မည့် ဆရာ၊ ဆရာမကောင်းများ ပေါ်ထွန်းလာစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မော်လမြိုင်ပညာရေးဒီကရီကောလိပ်မှကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသိင်္ဂီကျော်မှ အရည်အသွေးမြှင့်စေရေး အထောက်အကူပြု ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး  ဆရာ/ဆရာမများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ၊ တိုင်းရင်းသားရိုးရာ အက၊ အလှ ဖျော်ဖြေတင်ဆက်မှုအားကြည့်ရှု၍ ဂုဏ်ပြုဆုငွေကျပ် ၃ သိန်းအား ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)