MNP - နိုဝင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ဝိုင်ကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က “လူငယ်နှင့်ယဉ်ကျေးမှု’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာမ ရဿဝတီမေနန်းက "စောင့်လေမျိုးနွယ်''ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ မောင်မောင်တာ(သဘာဝ)က “အသက်မွေးဝမ်းကျောင်းပညာရပ် သင်ကြားခြင်းဖြင့် ဘဝအတွက်ခိုင်မာသည့် အကြောင်းအရာများ’’ အားလည်းကောင်း၊ စာရေးဆရာမချယ်ချယ်(YU)က “ဂုဏ်ယူထိုက်သောသူ'' ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များနှင့် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
သတင်း - ကျော်စွာဟိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment