သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌Gmail/Wetransfer/Zoom Meeting လက်တွေ့အသုံးပြုနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌Gmail/Wetransfer/Zoom Meeting လက်တွေ့အသုံးပြုနည်း သင်တန်းဖွင့်လှစ်



MNP ၊ နိုဝင်ဘာ ၈

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Gmail/ Wetransfer/Zoom Meeting လက်တွေ့အသုံးပြုနည်း သင်တန်းကို ယနေ့နံနက် ၉ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ဖွင့်လှစ် ခဲ့သည်။

ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ Gmail အသုံးပြုနည်းသင်ခန်းစာကိုသင်ကြားပို့ချခဲ့သည်။


အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်၊ မြို့နယ်၊ မြို့ရုံးများရှိ ဝန်ထမ်းများ တစ်ဦးချင်းအရည်အသွေးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြင့်မား လာစေရေးအတွက်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ  ၃ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး ခရိုင်၊မြို့နယ်၊မြို့ရုံးများမှသင်တန်းသား၊ သင်တန်းသူ (၁၀)ဦးအား သံတွဲခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်နှင့် ဦးနေမျိုးအောင် (ဓါတ်ပုံ-၂ ၊အင်အားပြ)တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)