နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့်ပတ်သက်သည့် မိဘပြည်သူများသို့ အသိပေးချက်အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့်ပတ်သက်သည့် မိဘပြည်သူများသို့ အသိပေးချက်အသိပညာပေး Talk Show ကျင်းပ




MNP - နိုဝင်ဘာ   ၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့မှပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပတ်သက်သည့် မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အသိပညာပေး Talk Show တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်ငန်းများကို ပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် သိသင့်သိထိုက်သည့် အကြောင်းအရာများကို အသိပေးထုတ်ပြန်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဗွီနိုင်းများစိုက်ထူခြင်း၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများမှတစ်ဆင့် အသိပညာပေးမှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးပါက သက်ဆိုင်ရာ လ.ဝ.က ရုံးသို့ သတင်းအသိပေးခြင်း၊ အသက်(၁၀)နှစ်ပြည့်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်နိုင်ပြီး (၁၈)နှစ်ပြည့်ပါက အသက်(၁၈)နှစ်ပြည့် ကတ်ပြားလှဲလှယ်ရမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ် (၁)ခုထက် ကိုင်ဆောင်ပါက စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ပိုင်ဆိုင်မှုလုပ်ငန်းများအတွက် မိမိအမှန်တကယ်ကိုင်ဆောင်သည့်ကတ်သာ လ.ဝ.က ရုံးသို့ လာရောက်အတည်ပြုပြီး ကျန်သည့်ကတ်များကို ပယ်ဖျက်သွားမည်ဖြစ်သည့်အတွက် ယခု (၁၅-၁၁-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ လာရောက်ဆောင်ရွက်ကြရန်၊ လာရောက်သတင်းပို့ အကြောင်းကြားခြင်းမရှိ ဘဲ နောက်ဆုံးထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်ကိုသာ အတည်ပြုပြီး ကျန်ကတ်များကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ယခုလို အသိပေးထုတ်ပြန်ချက်များကို အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းနိုင်က ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆက်လက်၍ ထုတ်ပြန်ချက်မှာပါရှိသည့် ပုံစံ ၆၆/၆ အိမ်ထောင်စုစာရင်းနှင့်ပတ်သက်ပြီး အိမ်ထောင်စုစာရင်းမှာပါရှိသည့် နံပါတ်နှင့် နိုင်ငံသားကတ်ပြားနံပါတ်ကွဲလွဲခြင်း၊ မှားယွင်းခြင်း၊ ပျောက်ဆုံး/ပျက်စီးခြင်း၊ ထပ်ခြင်းဖြစ်ခဲ့ပါက သက်ဆိုင်ရာ လ.ဝ.က ရုံးသို့ လာရောက်ပြင်ဆင် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်မြို့နှင့်တစ်မြို့ ပြောင်းရွှေ့ပြီး အိမ်ထောင်စုစာရင်း လျှောက်ထားမိခြင်း၊ အိမ်ထောင်စုရှိပြီးဖြစ်သော်လည်း အိမ်ထောင်စုစာရင်းလျှောက်သေးပါက ယခု (၁၅-၁၁-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ လာရောက်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ဘဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)