ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြန်/ဆက်ဝန်ထမ်းဟောင်းများ အမှုဆောင်အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြန်/ဆက်ဝန်ထမ်းဟောင်းများ အမှုဆောင်အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 



MNP - နိုဝင်ဘာ   ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းဟောင်းများ အမှုဆောင်အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် ပြန်/ဆက်ဝန်ထမ်းဟောင်းများ အမှုဆောင်အသင်းဥက္ကဋ္ဌ ဦးမြင့် က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးတင်ဝင်းလေးမှ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးတင်ပြခြင်းနှင့် တွဲဘက်အတွင်းရေးမှူး ဦးအုန်းထွန်းမှလုပ်ငန်းဆောင်ရွက်မ အခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသူများမှ ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ အဖွဲ့ဝင်စုစုပေါင်း (၁၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - စန္ဒာမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)