မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ESME လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ESME လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များတွေ့ဆုံ

 



MNP - နိုဝင်ဘာ ၂၅


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များရှိ ပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍမျိုးစုံနှင့် လူမှုဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများသည် ကျောက်ဆည်ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များအား မြို့တော်ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများဖြစ်သော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့် သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင် မိတ်ဆက်အမှာစကားများပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက လုပ်ငန်းတူများအဖွဲ့လိုက်ပေါင်းစပ်ပြီး ပြန်လည်မိတ်ဆက်၍ လုပ်ငန်းများလုပ်ဆောင်ရာတွင် လိုအပ်လျက်ရှိသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။


ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုက ကျောက်ဆည် မြို့နယ်အတွင်း ပရဟိတလုပ်ငန်းများဆောင်ရွက်နေသည့် လူမှုကူညီရေးအဖွဲ့(၈)ဖွဲ့အား တစ်ဖွဲ့လျှင်ငွေကျပ်(၃)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂၄)သိန်းထောက်ပံ့ပေးခဲ့ပြီး MSME လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)