ဘားအံမြို့နယ်၌ မြို့နယ်အဆင့် Grade-5 စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ်၌ မြို့နယ်အဆင့် Grade-5 စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

 



MNP - နိုဝင်ဘာ ၁၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရေးဆောင်ရွက်ရာတွင် သင်ရိုးညွှန်းတမ်းများ အဆင့်မီကောင်းမွန်ရေးလိုအပ်သကဲ့သို့ စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲများအရည်အသွေးမြင့်မားစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ် အ.ထ.က(၂)ကျောင်းခန်းမ၌ ကျင်းပသည်။


 အလုပ်ရုံဆွေးနွေးပွဲတွင် ဘားအံမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်နန်းရီရီသန်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်ပညာရေးတက္ကသိုလ်၌ပြုလုပ်သည့် ဗဟိုအဆင့်ဆွေးနွေးပွဲတွင်တက်ရောက်ခဲ့သည့် နည်းပြ(၇)ဦးက ဘာသာရပ်အလိုက် သိမှု၊ နားလည်မှု၊ အသုံးချမှု (Knowledge, Comprehension, Application) နယ်ပယ်အဆင့်များခွဲခြားသတ်မှတ်ထားသော အသေးစိတ်အညွှန်းဇယား၊ အရည်အသွေးရှိသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


အဆိုပါ အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၃-၉-၂၀၂၂ ရက်နေ့မှ ၂၅-၉-၂၀၂၂ ရက်နေ့အထိ ရန်ကုန်ပညာရေးတက္ကသိုလ်၌ ဆွေးနွေးခဲ့ကြပြီး၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုမြို့နယ်အဆင့် ပြုလုပ်သည့် Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်းများမှ Grade-5 သင်ဆရာ/ဆရာမ (၄၄၀)ဦး တက်ရောက်ခဲ့ကြောင်း ဘားအံမြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)