သံတွဲမြို့နယ်ရှိ GTIကျောင်းသား၊ကျောင်းသူများအား ကျောင်းပိတ်ရက်များတွင် ဝင်ငွေရရှိစေမည့် အခွင့်အလမ်းများဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့နယ်ရှိ GTIကျောင်းသား၊ကျောင်းသူများအား ကျောင်းပိတ်ရက်များတွင် ဝင်ငွေရရှိစေမည့် အခွင့်အလမ်းများဆောင်ရွက်ပေး

 


MNP - နိုဝင်ဘာ  ၁၄


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် လူငယ်များအချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် လူစွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ GTI ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ နေ့များတွင်ဝင်ငွေရရှိစေသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါလုပ်ငန်းကို သံတွဲမြို့၊ စင်တော်ကောက်စက်သုံးဆီလုပ်ငန်းရှင် ဦးသိန်းရွှေ ကဦးစီးဆောင်ရွက်လျက်ရှိကြောင်းနှင့် လူငယ်များအနေဖြင့် ကျောင်းပိတ်ရက်များတွင် စင်တော်ကောက်၊ ကျော်စံစက်သုံးဆီ အရောင်းဆိုင်နှင့် K2 စားသောက်ဆိုင်များတွင်လုပ်ငန်းဝန်ဆောင်မှုပေးခြင်းဖြင့် ဝင်ငွေရရှိလျက်ရှိပါသည်။ အားလပ်ရက်တွင်ဝင်ငွေရှာဖွေခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ်ကပင်စတင် ဆောင်ရွက်နေခြင်းဖြစ်ပြီး Covid-19 ရောဂါကြောင့် ရပ်နားထားခဲ့ရာမှယခုနှစ်အောက်တိုဘာလတွင် ပြန်လည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


ယခုလိုကူညီဆောင်ရွက်ပေးရခြင်းမှာ အသက်(၁၈)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အားလပ်ရက်တွင် အလုပ်လုပ်သောအလေ့အထမှအစပြုကာ အချိန်ပိုင်းအလုပ်လုပ်နိုင်သော အခြေအနေသို့ ရောက်ရှိလာနိုင်ပြီး မိဘများအနေဖြင့်လည်းသားသမီးများအတွက် ပညာသင်စရိတ် ဝန်ထုပ်ဝန်ပိုးများလျော့နည်းကာနိုင်ငံတော်၏ကုန်ထုတ်လုပ်မှုလည်းမြင့်မားတိုးတက် လာစေရန် မျှော်လင့်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဦးသိန်းရွှေ (စင်တော်ကောက်)ထံမှ သိရသည်။


  မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)