မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကျင်းပပြုလုပ်








မောင်တော   နိုဝင်ဘာ ၆

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်ကို ယနေ့နံနက် ၇ နာရီအချိန်  သီရီမင်္ဂလာခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များ၊ အမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ် ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ် များ က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် မောင်တောမြို့ (၃)မိုင်ပရဟိတ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ၊ဆရာတော် ဘန္ဒန္တစန္ဒာ သီရိ အရှင် သူမြတ်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာ တော် အရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော် များ ရွတ် ပွား ချီး မြှင့်တော် မူကြသည်။ 


ယင်းနောက် ဆရာတော် သံဃာ တော် အရှင်သူမြတ်များအား အမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များမှ ဆရာတော် သံဃာတော်များထံ ကထိန်လျာသင်္ကန်း များ နှင့်တကွ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဘူးသီး တောင်မြို့ ၊ မြစိမ်းရောင် ကျောင်း၊ ဒေါ်သုမာလာစာရီထံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် ဇနီး ဒေါ်ခင်စန္ဒာဝင်း  (ခင်စန္ဒာ စိန်ရွှေရတနာ ဆိုင် နှင့် စန္ဒာပိုး ထည် တိုက်)မိသားစုမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူ ဒါန်းခဲ့သည်။ ထို့နောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ လှူဒါန်းကြသည့် ပဒေ သာပင်များကို မောင်တောမြို့နယ်အတွင်းရှိ ကထိန်မရရှိသေးသော ဘုန်းတော်ကြီးကျောင်းများသို့  ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မှ ဦးဆောင်၍  မဲဖောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ အောင်မြေ ဗောဓိ သာသနာ့ ရိပ်သာ (အလိုတော်ပြည့်) ကျောင်း ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ၊ဆရာတော် ဘဒ္ဒန္တ မဏိသာရ (မဟာသဒ္ဓမ္မ ဇောတိ ကဓဇ) အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ် များက ကထိန် အနုမော ဒနာတရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့သည်။ယင်းနောက်  အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်း အနားကို ရုတ်သိမ်း ကြပြီး ဒုတိယအကြိမ် မြောက် စုပေါင်း မဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ  အောင် မြင်သည့် အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး ၊ငွေမိုး များ ရွာသွန်းဖြိုးခဲ့သည်။ 


အဆိုပါ ကထိန်အလှူတော်မင်္ဂလာပွဲတွင် လှူဒါန်းသည့် ပဒေသာပင်(၃၂)ပင်ရှိ ပစ္စည်းတန်ဖိုးမှာ (၇၆၈၇၉၀၀)ကျပ် နှင့် ငွေသားတန်ဖိုးမှာ (၁၃၁၅၆၄၀၀)ကျပ်ဖြစ်ပြီး စုစု ပေါင်း တန်ဖိုးမှာ (၂၀၈၄၄၃၀၀)ကျပ်တိတိ  ဖြစ်ကြောင်း သိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)