ဖားကန့်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်ရန် KIA က အကြမ်းဖက်သမားမျာ အဖွဲ့အဖဖွဲ့စည်းထားဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားကန့်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်ရန် KIA က အကြမ်းဖက်သမားမျာ အဖွဲ့အဖဖွဲ့စည်းထားဟုဆို


MNP ၊  နိုဝင်ဘာ ၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဒေသအခေါ် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အပြီး နောက်ဆက်တွဲအနေဖြင့် ဖားကန့်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် KIA က အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းထားရှိကြောင်း သိရသည်။ 

ဖားကန့်မြို့၏ မြောက်ဘက် ၂၅ မိုင်ခန့်အကွာ KIO/KIA ကချင်သောင်းကျန်းသူအဖွဲ့၏ KIO ဥရုတိုင်း အုပ်ချုပ်ရေးရုံး ဒေသအခေါ် အနန်ပါနေရာ၌ အောက်တိုဘာလ ၂၅ရက်နေ့တွင် ကျရောက်မည့် ၆၂ နှစ်မြောက် KIO/KIA နှစ်ပတ်လည်နေ့ အခမ်းအနားပြုလုပ်နေစဉ် တပ်မတော်မှ လေကြောင်းတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့် ပက်သက်၍ ကျေနပ်မှုမရှိသဖြင့် KIO/KIA သောင်းကျန်းသူအဖွဲ့မှ ဖားကန့်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ဆောင်ရန်နှင့် အစိုးရအဆောက်အဦများ၊ ရုံးများ၊ ရဲစခန်း၊ ရဲကင်းစခန်းများအား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရန် အကြမ်းဖက်အဖွဲ့များဖွဲ့စည်း၍ လက်နက်/ဖောက်ခွဲရေးပစ္စည်းကိရိယာများ တပ်ဆင်ကာ စေလွှတ်ထားကြောင်းကို အောက်တိုဘာ ၃၁ ရက် ညနေပိုင်းက အမာခံသတင်းပေးများထံမှ စုံစမ်းသိရှိရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့များမှာ ဖားကန့်မြို့မရဲစခန်းအပိုင်နယ်မြေ (ဆိပ်မူအပါ)တွင် KIA ဆလန်ကဘာ (၁)ဦး၊ PDF (၇)ဦး စုစုပေါင်း (၈)ဦးပါဝင်သော အဖွဲ့ (၁၀)ဖွဲ့ဖြင့်လည်းကောင်း၊ လုံးခင်းရဲစခန်းအပိုင်နယ်မြေတွင် KIA ဆလန်ကဘာ (၁)ဦး၊ PDF (၇)ဦး စုစုပေါင်း (၈)ဦးပါဝင်သော အဖွဲ့ (၇)ဖွဲ့ဖြင့်လည်းကောင်း သောင်းကျန်းမှုများ ကျူးလွန်ရန် ဖွဲ့စည်းထားရှိကြောင်း စုံစမ်းသိရှိရသည့်အတွက် ဖားကန့်မြို့နယ်အတွင်း ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိကြရန်မှာကြားထားရှိကြောင်း တာဝန်ရှိသူများထံက သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ သောင်းကျန်းသူအကြမ်းဖက်ဖွဲ့များက အပြစ်မဲ့ပြည်သူများအား မကြာခဏလုပ်ကြံသတ်ဖြတ်ခြင်း နိုင်ငံဝန်ထမ်းများအား ဖမ်းဆီးခြင်းစသည် အကြမ်းဖက်လုပ်ရပ်များအားပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)