ရွှေကျင်မြို့နယ်တွင် "Kyaw" အဆင့်မြင့် ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲအထိမ်းအမှတ် အလွတ်တန်း ဖူဆယ်‌ဘောလုံးပြိုင်ပွဲနှင့်ဆုပေးပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ရွှေကျင်မြို့နယ်တွင် "Kyaw" အဆင့်မြင့် ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲအထိမ်းအမှတ် အလွတ်တန်း ဖူဆယ်‌ဘောလုံးပြိုင်ပွဲနှင့်ဆုပေးပွဲကျင်းပ


22


MNP - နိုဝင်ဘာ  ၂


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ဝင်ခနိမ်ကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာတွင် "Kyaw" အဆင့်မြင့် ဖူဆယ်‌ဘောလုံးကွင်းဖွင့်ပွဲအထိမ်းအမှတ် အလွတ်တန်း ဖူဆယ်‌ဘောလုံးပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။


ဖူဆယ်‌ဘောလုံးကွင်းဖွင့်ပွဲအထိမ်းအမှတ် အလွတ်တန်း ဖူဆယ်ပြိုင်ပွဲတွင် ရွှေကျင်မြို့နယ်အတွင်းရှိ ဖူဆယ်ဘောလုံးဝါသနာရှင်အသင်း (၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး (၅)သင်း နှစ်အုပ်စုဖြင့်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ဖူဆယ်ကွင်းဖွင့်ပွဲအထိမ်းအမှတ် အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို (၂၇-၁၀-၂၀၂၂) ရက်နေ့တွင်စတင်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ ဗိုလ်လုပွဲတွင် 3MCFC အသင်းနှင့် G•O•A•T အသင်းတို့ ယှဉ်ပြိုင်ကြရာ G•O•A•T အသင်းက ၅ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


ဖူဆယ်ကွင်းဖွင့်ပွဲအထိမ်းအမှတ် အလွတ်တန်း ဖူဆယ်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု ရရှိသောအသင်းများအား ရွှေကျင်မြို့နယ် မြို့မရဲတပ်ဖွဲ့မှူး၊ ဖူဆယ်‌ဘောလုံးကွင်းပိုင်ရှင်၊ ဦးစိုးလွင်+ဒေါ်ချို မိသားစုနှင့်တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီမြှင့်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages