ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign စဉ်ဆက်မပြတ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign စဉ်ဆက်မပြတ် ဆောင်ရွက်





MNP ၊  နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေ ရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဝန်ထမ်းများက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ရှေ့လမ်းဆုံသို့သွားရောက်၍  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်း ဦးဆောင်သည့် ဝန်ထမ်းများက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင် ရှေ့လမ်းဆုံသို့သွားရောက်ပြီး ၎င်းလမ်းတစ်လျောက်ရှိ လမ်းသွား၊လမ်းလာပြည်သူများ၊ ဈေးရောင်း၊ဈေး ဝယ်လာသူများ၊ ကျောင်းသွား၊ကျောင်းပြန် ကျောင်းသား၊ကျောင်းသူများနှင့် အငှားယဉ်မောင်းနှင်နေသူ များကို နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန် အသိပညာပေးဟောပြောပြီး နှာခေါင်းစည်း(Mask)အခု (၈၀၀)ကျော်ကို အခမဲ့ဝေငှပေးကာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အား အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)