တနိုင်းမြို့နယ်၌ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေး အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

တနိုင်းမြို့နယ်၌ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

 

59


MNP - နိုဝင်ဘာ   ၁၂


ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာ ကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့် အသိပညာပေးခြင်းကို နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် (၈)နာရီခွဲက တနိုင်းမြို့ လူစည်ကားသည့် လီဒိုလမ်းမကြီးပေါ်ရှိ လမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့သို့ အသိပညာပေး ဆောင်ရွက်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်း ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်‌ ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့တို့က ပူးပေါင်း၍ ဒေသတွင်း သွားလာကြသည့် ခရီးသွား ပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ် မိဘပြည်သူ များအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များကို ဆက်လက်လိုက်နာကျင့်သုံး ကြရန်၊ ပါးစပ်နှာခေါင်းစည်း Mask ကို လူထူ ထပ်သောနေရာများသို့ သွားလာပါက စနစ်တစ်ကျ တပ်ဆင်သွားလာကြရန် အသိပညာပေးပြီး နှာခေါင်းစည်း (Mask) ခုရေ (၁၀၀၀)အား အခမဲ့ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။                   


သတင်း - ပန်းအိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages