စာပေချစ်မြတ်နိုးသူများထံသို့လက်ဝယ်အရောက် Mobile စနစ်ဖြင့်စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာပေချစ်မြတ်နိုးသူများထံသို့လက်ဝယ်အရောက် Mobile စနစ်ဖြင့်စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက်




MNP ၊ နိုဝင်ဘာ  ၁၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူပြည်သူများသို့စာအုပ်စာစောင်ကိုအလွယ်တကူ  ဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ  Mobile စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီကမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်ပြည်တွင်းအခွန်များဦးစီးဌာနသို့ သွားရောက်ပြီး အခမဲ့ငှားရမ်းပေးကြသည်။


ထိုသို့ဆောင်ရွက်ရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက  စာကြည့်တိုက်သို့ လာရောက်ရန်မအားလပ်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူပြည်သူများအတွက်သုတ/ ရသ၊  မဂ္ဂဇင်းနှင့် ဝတ္ထု စာအုပ်စာစောင်များကိုယူဆောင်လျှက် ငှားရမ်းပေးခဲ့ကြရာ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်ဝန်ထမ်းများနှင့်ပြည်တွင်းအခွန်များဦးစီးဌာနဝန်ထမ်းများကလည်း ကြိုက်နှစ်သက်ရာစာအုပ်စာစောင်များကို ဖတ်ရှုရန်အတွက်ငှားရမ်းခဲ့ကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များကို Mobile စနစ်ဖြင့်ငှားပေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများသာမက   ပြည်သူများ အလွယ်တကူဖတ်ရှုနိုင်ကြရန်အတွက်  အိမ်တိုင်ရာရောက်စနစ်ဖြင့်လည်း အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။


အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)