MSME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှုလက်မှုထုတ်ကုန်လုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MSME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှုလက်မှုထုတ်ကုန်လုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး




MNP - နိုဝင်ဘာ  ၃


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် SME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှုလက်မှုထုတ်ကုန်များ ထုတ်လုပ်နေသော လုပ်ငန်းခွင်များသို့တိုင်း‌ဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွတ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းကဆောင်ရွက်ခဲ့သည်။


တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် MSME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှု လက်မှုထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသော Natural wood & Resin Art Gallery သဘာဝသစ်အချောထည် ပရိဘောဂလုပ်ငန်းတို့မှ ထုတ်လုပ်သော ထုတ်ကုန်များ အဆင့်အတန်းမြင့်စွာ တိုးတက်ထုတ်လုပ်နိုင်ရေး၊ တိုးမြင့်ဒိန်ချဉ်လုပ်ငန်းမှ ထုတ်လုပ်သော အစားအသောက်များအား ပြည်သူများ စိတ်ချယုံကြည်စွာ စားသုံးနိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။


စားသောက်ကုန်လုပ်ငန်းများမှထုတ်လုပ်သော ကုန်ပစ္စည်းများအား တိုင်းအစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များထုတ်ပေးနိုင်းရေး အကြမ်းအားဖြင့် စစ်ဆေးဆောင်ရွက်ရန် နမူနာများယူဆောင်သွားခဲ့ကြောင်း သိရသည်။


သတင်း - ဇေယျာထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)