ရွှေဘိုမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ




MNP - နိုဝင်ဘာ ၁၁


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီချိန်က ရွှေဘိုစက်မှုဇုန် စီမံခန့်ခွဲရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ရွှေဘိုခရိုင် စက်မှုဇုန်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များခရိုင်အဆင့် ဌာနဆိုင်ရာများ၊ရွှေဘို စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိူးဦးက ရွှေဘိုမြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းရှင်များနှင့် ယခုလိုတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အဓိကအခန်းကဏ္ဍမှ အရေးပါသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးရန် ဆောင် ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်များရှိ လုပ်ငန်းရှင်များနှင့် စက်မှုဇုန်ပြင်ပလုပ်ငန်းများအား ငွေကြေးအရင်းအနှီးများ၊ နည်းပညာ ပံ့ပိုးပေးခြင်းများ၊ ကုန်သွယ်မှုအခွင့်အလမ်းများ၊ ဈေးကွက်အခွင့်အလမ်းများရရှိရေး၊ စက်မှုလုပ်ငန်းများ စွမ်းအားပြည့်လည်ပတ်နိုင်ရေး၊ ဒေသထွက်ကုန်များ တိုးတက်လာစေပြီး စီးပွားရေး ပြန်လည်ရှင်သန်ကောင်းမွန်လာစေရေး၊ ပြည်တွင်း/ပြည်ပ ကုန်သွယ်ရေး လမ်းကြောင်းများ အဆင်ပြေ လျင်မြန်စွာ သွားလာကုန်သွယ်နိုင်ရေးတို့ကို၊ တတ်စွမ်းသမျှ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


အစည်းအဝေးသို့ တက်ရောက်လာကြသော စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများနှင့် စက်မှုလုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် ထုတ်ကုန်များ သယ်ယူပို့ဆောင်ရေး အခက်အခဲနှင့် ချေးငွေကိစ္စ၊ ကုန်ကြမ်းရရှိမှု လုပ်ငန်းအခြေအနေများ၊ စွန့်ပစ်မြေနေရာကိစ္စများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။


ထို့နောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီးတွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)