ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိန်းကျော် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ သိပ္ပံနှင့်အဆင့်မြင့်ပညာ ဝန်ကြီးဌာနဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး၊ National Research Univresity Moscow Power Engineering Institute (MPEI)နှင့် National Research Nuclear University (MEPhI) သို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိန်းကျော် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ သိပ္ပံနှင့်အဆင့်မြင့်ပညာ ဝန်ကြီးဌာနဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး၊ National Research Univresity Moscow Power Engineering Institute (MPEI)နှင့် National Research Nuclear University (MEPhI) သို့ သွားရောက်လေ့လာ



                                              

MNP ၊ နိုဝင်ဘာ ၁၅

ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်မည့် သုတေသနလေ့လာရေး ခရီးစဉ်နှင့် (၁၂)ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၂) တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ (၁၄)ရက် နံနက်ပိုင်းတွင်  မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သိပ္ပံနှင့်အဆင့်မြင့်ပညာ ဝန်ကြီးဌာနဝန်ကြီး H.E Valery Falkov အား အဆိုပါ ဝန်ကြီးဌာန အစည်းဝေးခန်းမ၌ သွားရောက်တွေ့ ဆုံသည်။


တွေ့ဆုံရာတွင် ပညာတော်သင်စေလွှတ်ရေး ကိစ္စရပ်များ၊ ပညာသင်ဆု အရေအတွက် တိုးမြှင့်ရရှိရေး ကိစ္စရပ်များ၊ တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် မြန်မာ-ရုရှား သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ်၍ အပြန်အလှန် ဆွေးနွေးကြသည်။


ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး   ဦးဆောင် သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် National Research Univresity Moscow Power Engineering Institute (MPEI) သို့ သွားရောက်၍ ပါမောက္ခချုပ် Alexander Bryukhoveskovoe ဦးဆောင်သော တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပညာတော်သင် ကိစ္စရပ်များကို ပိုမိုအကျိုးရှိထိရောက်စေရေးအတွက် ရင်းရင်းနှီးနှီး ဆွေးနွေးကြပါသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် National Research Nuclear University  (MEPhI) ပါမောက္ခချုပ် Vladimir Schevchenko ဦးဆောင်သော တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး တက္ကသိုလ်၏ သင်ကြားသင်ယူမှု၊ လက်တွေ့ခန်းများ၊ သုတေသန လုပ်ငန်းများသို့ လှည့်လည်ကြည့်ရှုပြီး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြကြောင်း သတင်းရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)