နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အစိုးရဝန်ထမ်းများ၏ သားသမီးများ၊ ဒေသခံပြည်သူ များ၏သားသမီးများ အဆင့်မြင့်ပညာသင်ကြားနိုင်ရန်အတွက် Naypyitaw State Academy(NSA) တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အစိုးရဝန်ထမ်းများ၏ သားသမီးများ၊ ဒေသခံပြည်သူ များ၏သားသမီးများ အဆင့်မြင့်ပညာသင်ကြားနိုင်ရန်အတွက် Naypyitaw State Academy(NSA) တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်




MNP ၊ နိုဝင်ဘာ ၄

အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများ အဆင့်မြင့်ပညာသင်ကြားနိုင်ရန်အတွက် Naypyitaw State Academy (NSA) တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယမန်နေ့နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အစိုးရဝန်ထမ်းများ၏ သားသမီးများ အပါအဝင် နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများ အဆင့်မြင့်ပညာသင်ကြား နိုင်ရန်အတွက် Naypyitaw State Academy (NSA)တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြား နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ ကဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ နေပြည်တော်သည် ပညာရေးမြို့တော်ဖြစ်စေရေးနှင့် ပညာရေးကဏ္ဍများကို ဘက်စုံစံပြဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က Naypyitaw State Academy (NSA)တက္ကသိုလ်တွင် အစိုးရဝန်ထမ်းများ၏ သားသမီးများ အပါအဝင် နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများ တက်ရောက်ပညာသင်ကြားနိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် Naypyitaw State Academy (NSA)တက္ကသိုလ်တွင် ကျောင်းအပ်လက်ခံဆောင်ရွက်နေမှု၊ ပညာသင်ကြားမည့် အခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)