NEP-2 စီမံချက်ဖြင့် ကျွဲပွဲမြို့ဆွဲလဲချောင်းကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ 11KV ဓာတ်အားလိုင်း(ဝဒသမ၄၇)မိုင်နှင့် 11/0.4KV(100)KVA ထရန်စဖော်မာဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NEP-2 စီမံချက်ဖြင့် ကျွဲပွဲမြို့ဆွဲလဲချောင်းကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ 11KV ဓာတ်အားလိုင်း(ဝဒသမ၄၇)မိုင်နှင့် 11/0.4KV(100)KVA ထရန်စဖော်မာဖွင့်ပွဲအခမ်းအနားကျင်းပ

 


MNP - နိုဝင်ဘာ  ၂


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ဆွဲလဲချောင်းကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ ကျေးလက်မီးလင်းရေး NEP-2 စီမံချက်ဖြင့် 11KV ဓာတ်အားလိုင်းဝဒသမ၄၇မိုင်နှင့် 11/0.4KV 100KVA ထရန်စဖော်မာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ဖွင့်လှစ်ကြောင်းသိရသည်။


အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့လျှပ်စစ်အင်ဂျင်နီယာဦးဇော်ဇော်မင်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်မီးချွေတာသုံးစွဲရေးပညာပေးပြောကြားခဲ့သည်။ ဆက်လက်၍ကျေးလက်မီးလင်းရေး NEP-2 စီမံချက်ဖြင့် 11KVဓာတ်အားလိုင်း(ဝဒသမ၄၇)မိုင်နှင့် 11/0.4KV(100)KVA ထရန်စဖော်မာဖွင့်လှစ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြင့်ဇော်၊ အဖွဲ့ဝင်(၂)ဦးတင်ယု၊ ကျွဲပွဲမြို့မရဲစခန်းမှူးဦးကျော်ကျော်လွင်၊ မြို့လျှပ်စစ်အင်ဂျင်နီယာနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


ကျွဲပွဲမြို့၊ ဆွဲလဲချောင်းကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ ကျေးလက်မီးလင်းရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းပြည် ထောင်စုရန်ပုံငွေ NEP-2 စီမံချက်ဖြင့် 11KV ဓာတ်အားလိုင်း (ဝဒသမ၄၇)မိုင်နှင့် 11/0.4KV(100)KVA ထရန်စဖော်မာတစ်လုံးခွင့်ပြုပေးပြီး ကျေးရွာမှပြည်သူထည့်ဝင်ငွေဖြင့်ဗို့အား(၄၀၀) ပေ ၄၀၀၀ ဖြင့် ကျေးလက်မီးလင်းရေးကော်မတီမှဦးဆောင်၍ ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့သည်။


ယခုအခါကျေးလက်မီးလင်းရေးအတွက် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာအိမ်ခြေ(၆၀)အိမ်ရှိ ကျေးလက်နေပြည်သူများ၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် ရွာတွင်းမီးတိုင်အတွက်မီးတစ်လုံးဖြင့် လျှစ်စစ်မီးများ အဆင်ပြေချောမွေ့စွာသုံးစွဲလျက်ရှိပါကြောင်းနှင့် လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းစေရေးနှင့် လျှပ်စစ်မီးကိုပြည်သူများအကျိုးရှိစွာအသုံးချတတ်စေရန်၊ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း မြို့လျှပ်စစ်မှူးရုံးမှသိရသည်။


သတင်း - ခင်ခင်မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)