ရေစကြိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ ဇေယျသိမ်ကျောင်းတိုက်မှ ဆရာတော် ဥူးအာစာရ(၄၂)နှစ်၊ ဝါတော် ၂၃ ဝါ အား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ ဇေယျသိမ်ကျောင်းတိုက်မှ ဆရာတော် ဥူးအာစာရ(၄၂)နှစ်၊ ဝါတော် ၂၃ ဝါ အား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်


MNP ၊ နိုဝင်ဘာ ၁၁

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။


ထိုသို့ပြုလုပ်လျက်ရှိရာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မကွေး တိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာ၊ ရေစကြို-ပခုက္ကူကားလမ်း၏ အနောက်ဘက်ရှိ မေတ္တာရှင်လူမှုကူညီရေး အသင်းရုံးသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီး အဆိုပါရုံးတွင် မေတ္တာရှင်လူမှုကူညီရေး အသင်းဥက္ကဌအဖြစ် ဆောင်ရွက်ကာ သီတင်းသုံး နေထိုင်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ ဇေယျသိမ်ကျောင်းတိုက်မှ ဆရာတော် ဥူးအာစာရ(၄၂)နှစ်၊ ဝါတော် ၂၃ ဝါ (ဘ)ဦးလှဝင်းအား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဆရာတော် ဥူးအာစာရတွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။


အကြမ်းဖက်သမားများ၏ အကြောင်းမဲ့အကြမ်းဖက် သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၉ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး အထက်ပါ ဖြစ်စဉ်မှ ဆရာတော် ဥူးအာစာရအား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်သွားခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)