MNP ၊ နိုဝင်ဘာ ၁၄
ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာ လမ်းခွဲ၌ မော်တော်ယာဉ်တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တမ်းရပ်ကွက်နေ ဒေါ်လှလှဝင်းသည် မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာသို့ မွေးနေ့ပွဲသွားရောက်ရန် မိတ်ဆွေများခေါ်ဆောင်၍ LIGHT TRUCK အမျိုးအစား မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ငါန်းဇွန်မြို့နယ်၊ တံတားဦး- မြင်းခြံသွား ကားလမ်း၊ မင်းနေကုန်းကျေးရွာလမ်းခွဲသို့ ညနေ ၃ နာရီခွဲခန့်အချိန်၌ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း၏ ဝဲဘက် ခြမ်းမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး မိုင်းစထိမှန် သေဆုံးခဲ့ပြီး၊ ၅ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးပြီး သေဆုံးအလောင်းနှင့် ဒဏ်ရာရသူများအား ဆေးကုသမှု ခံယူနိုင်ရေး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့ကြောင်းနှင့် ထိုကဲ့သို့ စစ်ရေး ပစ်မှတ် မဟုတ်သည့် ပြည်သူများအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment