MNP - နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော (PDF)သင်တန်းဆင်း အလင်းဝင်ရောက်သူအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ကလောတပ်နယ်မှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကလောတပ်နယ်မှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသော (PDF) သင်တန်းဆင်း အလင်းဝင်ရောက်သူအား ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းနှင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံပေးခဲ့သည်။ ထို့နောက်ပြစ်မှုကျူးလွန်ခြင်းမရှိသော(PDF) သင်တန်းဆင်းအလင်းဝင်ရောက်သူ ကလောမြို့နယ်၊ တောင်လားကျေးရွာအုပ်စု၊ ရှားပင်ကျေးရွာနေသူအား ကလောတပ်နယ်ကျောင်းအုပ်ကြီးက ထောက်ပံ့ငွေကျပ် ၂ သိန်း၊ကလောခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေက ထောက်ပံ့ငွေကျပ် ၁ သိန်းတို့ပေးအပ်ခဲ့ပြီး ကလောခရိုင် အမျိုးသမီးရေးရာဥက္ကဋ္ဌက လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment