ပုလောမြို့နယ်၊ ကဒဲကျေးရွာလမ်းဆုံအနီး၌ သံဃာတော်များ အပါအဝင် ခရီးသွား ပြည်သူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်း ဖက်သမားများက ပစ်ခတ်တိုက်ခိုက် သံဃာတော်တစ်ပါး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်၊ ကဒဲကျေးရွာလမ်းဆုံအနီး၌ သံဃာတော်များ အပါအဝင် ခရီးသွား ပြည်သူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်း ဖက်သမားများက ပစ်ခတ်တိုက်ခိုက် သံဃာတော်တစ်ပါး သေဆုံး




MNP ၊ နိုဝင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာမှ သံဃာတော် ၂ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၃ ပါး၊ ဒါယကာ/ဒါယိကာမ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ လိုက်ပါလာသည့် မော်တော်ယာဉ် အမျိုးအစား Hi Ace မော်တော်ယာဉ်အမှတ်၊  2K/-------- နှင့် မော်တော်ယာဉ် အမှတ်၊ SN/---------  ၂ စီးအား နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာ လမ်းဆုံအနီးသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ၎င်းမော်တော်ယာဉ် ၂ စီးသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ထွက်ခွာခဲ့ရာ ည ၉ နာရီခွဲခန့် တွင် ပုလောမြို့နယ်၊ ကဒဲကျေးရွာလမ်းဆုံအနီးသို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း၏ယာဘက် မီတာ ၂၀၀ ခန့်အကွာမှ လက်နက် ငယ်များဖြင့်  ပစ်ခတ်ခဲ့သဖြင့် မော်တော်ယာဉ် ၁ စီးမှာ လမ်းဘေးသို့ ထိုးကျခဲ့ ပြီး ကျန် ၁ စီးမှာ ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက် မှုကြောင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် သံဃာတော် ဘဒ္ဒန္တ ဇနက (၂၅)နှစ်သည် ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး ပျံလွန်တော်မူခဲ့ကြောင်း၊ ဒေါ်အေးသီတာလွင် ၊ ဦးနန်းဦး နှင့် ဦးသက်အောင်ဇော် တို့တွင် လက်နက် ငယ်ကျည်ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။


ယင်းနောက် PDF အမည်ခံ အကြမ်းဖက်သမားများက ည ၉ နာရီ ၄၅ မိနစ်ခန့်တွင်  ၎င်းတို့အားလုံးအား မော်တော်ယာဉ်ဖြင့် ကဒဲကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်စဉ်တွင် ပျံလွန်တော်မူခဲ့သည့် သံဃာတော်အား ယနေ့နံနက် ၈ နာရီခန့်တွင် ကဒဲကျေးရွာသင်္ချိုင်း၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကာ ဖမ်းဆီးခံခဲ့ရသူများအား မွန်းလွဲပိုင်းတွင် ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။


အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သူများအား ထားဝယ်မြို့သို့ ပို့ဆောင်၍ နယ်မြေခံ တပ်မတော်ဆေးရုံမှ တာဝန်ရှိသူများက လိုအပ်သည့်ဆေးဝါး ကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာ နေရာ တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)