PDF အမည်ခံအကြမ်းဖက်သမားများက ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက်၌ ရွှေထည်ပစ္စည်းမျိုးစုံအလေးချိန် ၁၆ ကျပ် ၁ မတ်သားနှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့အား သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်၊ နေအိမ်အားမိုင်းခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများက ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက်၌ ရွှေထည်ပစ္စည်းမျိုးစုံအလေးချိန် ၁၆ ကျပ် ၁ မတ်သားနှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့အား သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်၊ နေအိမ်အားမိုင်းခွဲဖျက်ဆီး





MNP ၊ နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်မှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁၆ ကျပ် ၁ မတ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့အား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ပြခြိမ်းခြောက် ယူဆောင်ပြီး နေအိမ်အား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်သီရိလမ်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်သို့ နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီခွဲအချိန်တွင် PDF အကြမ်းဖက်သမား ၁၀ ဦးခန့် လက်နက်ငယ် ကိုယ်စီဖြင့်  ရောက်ရှိလာပြီး သော့ခတ်ထားသော နေအိမ်ဘာဂျာ သံတံခါးအား ဖွင့်ပေးရန်နှင့် မဖွင့်ပါက မိသားစုအားလုံးကို ပစ်သတ်မည်ဟု သေနတ်ဖြင့် ခြိမ်းခြောက်၍ ဖွင့်ခိုင်းခဲ့ကြောင်း၊ ထို့နောက် နေအိမ်အတွင်းသို့ ဝင်ရောက်၍ ပရိဘောဂများအား ရိုက်ခွဲဖျက်ဆီးကာ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁၆ ကျပ် ၁ မတ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့် တို့အား ယူဆောင်ပြီး မိုင်း ၁ လုံး ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် နေအိမ်အတွင်း လက်လုပ်မိုင်း ၂ လုံး ထောင်ထားခဲ့ပြီး အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများသည် မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။


အထက်ပါဖြစ်စဉ် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ပြီး နေအိမ်အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထား ခဲ့သည့် မိုင်း ၂ လုံးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး လိုအပ်သော ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)