ရွှေဘိုမြို့နယ်တွင် PDF အကြမ်းဖက်သမားများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်တွင် PDF အကြမ်းဖက်သမားများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ



MNP ၊ နိုဝင်ဘာ ၃၀ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေရှင်း လင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲများသည် ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ(အနောက်)ကျေးရွာအနီးတွင် စခန်းချ ခိုအောင်းလျက်ရှိသော PDF အကြမ်းဖက်စခန်းများကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်စခန်းများကို ရှင်းလင်းဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သမားများ အသုံးပြုသည့် လက်လုပ်သေနတ် ၂ လက်၊ လက်လုပ် စိန်ပြောင်း ၂ လက်၊ ရှော့တိုက်ဗုံး သီး ၂ လုံး၊ လက်လုပ်မိုင်း ၆ လုံး၊ ဘတ္ထရီအိုး ၁၃ လုံး၊ အင်ဗာတာ ၁ လုံးတို့အား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA, PDF အကြမ်းဖက်လှုပ်ရှားမှုသည် အဆိုးရွားဆုံးအခြေအနေ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အကြမ်းဖက်နှိမ်နင်းမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)