စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက “တိက္ခဇေယျာ” ထိုင်ဝမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဝင်ရောက်ကာ ငွေ၊ လက်ကိုင်ဖုန်းများနှင့် မော်တော်ယာဉ်အား ခြိမ်းခြောက်လုယက်ယူဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက “တိက္ခဇေယျာ” ထိုင်ဝမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဝင်ရောက်ကာ ငွေ၊ လက်ကိုင်ဖုန်းများနှင့် မော်တော်ယာဉ်အား ခြိမ်းခြောက်လုယက်ယူဆောင်




MNP ၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က “တိက္ခဇေယျာ” ထိုင်ဝမ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ဝင်ရောက်လာကာ ငွေနှင့် မော်တော်ယာဉ် များအား ခြိမ်းခြောက်လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာရှိ “တိက္ခဇေယျာ” ထိုင်ဝမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ပညာသာမိ၏အခန်းအတွင်းရှိ စားပွဲပေါ်မှ လက်ဆွဲအိတ်ဖြင့် ထည့်ထားသည့် ငွေကျပ် သိန်း ၃၀၀ နှင့် ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် ဒေါ်အုန်း(၇၂)နှစ်၊ ဒေါ်သန်း(၆၁)နှစ် ၊ဒေါ်ကျင်စော(၆၀)နှစ်နှင့် ဒေါ်သူဇာဝင်း(၄၃)နှစ်တို့၏ လက်ကိုင်ဖုန်း ၄ လုံးတို့ကို လုယက် ယူဆောင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။ အဆိုပါ အကြမ်းဖက်သမားများသည် နေ့လယ် ၂ နာရီခန့်တွင် ဘုန်းတော်ကြီးကျောင်းသို့ ထပ်မံရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ရပ်ထားသည့် ယာဉ်အမှတ် RLG/--- ALPHARD မော်တော်ယာဉ်အား လုယက်ယူဆောင် မောင်းနှင်သွားခဲ့ကြောင်း သိရှိရသည်။


ထိုသို့ ဘုန်းတော်ကြီးကျောင်းအတွင်း ဝင်ရောက်ကာ ငွေ၊ လက်ကိုင်ဖုန်းများနှင့် မော်တော်ယာဉ်အား လုယက်ယူဆောင်သွားသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)